Ven.Khe

အဆင့် ၁) Download ရယူခဲ့သော Absinthe-win- 2.0.exe file ကို Right click ခေါက်ပြီး Run as Administrator ကို ရွေးပေးလိုက်ပါ၊ ထိုအခါ file များကို Auto extract လုပ်သွားပါမည်။ ထိုနောက် Desktopပေါ်တင် Absinthe -win-2.0 folder တစ်ခု ရရှိလာပါလိမ့်မည်။ အဆင့် ၂) Desktop ပေါ်တွင် ရရှိလာသော Absinthe-win-2.0 folder တွင်းမှ absinthe.exe icon ကို Right click ခေါက်၍ Run as Administrator ပေးလိုက်ပါ။ ယင်း .exe file သည်သာ တစ်ကယ် အလုပ်လုပ်ဆောင် ပေးမည့် file ဖြစ်သည်။ အဆင့် ၃) IOS 5.1.1 Device ကို PC နှင့် ချိပ်ဆက်ပေးလိုက်ပါ၊ Absinthe က မှန်ကန်မှု ရှိ မရှိ verify လုပ်ပါလိမ့်မည်။ အဆင့် ၄) Absinthe တွင် ပါရှိသော Jailbreak button ကိုနှိပ်ပေးလိုက်ပါ။ အလိုလျှောက် အလုပ်လုပ်နေတာကို Progress bar တွင်မြင်တွေ့ ရပါမည်။ အဆင့် ၅) Device တွင် ပုံမှန်အတိုင် Restore လုပ်သကဲ့သို့ Restoring progress ပြနေပါမည်။ အဆင့် ၆) Restore လုပ်ငန်းစဉ် ပြီးဆုံးသွားပါက အလိုလျှောက် Reboot လုပ်ပြီးနောက် Device ၏ Home screen တွင် Cydia icon လေးကိုတွေ့ မြင်ရပါမည်။ အဆင့် ၇) Absinthe က process is complete လို့ ပြောတာနဲ့  Device ကို PC နဲ့  ချိပ်ဆက်ထားရာက ဖြုတ်လိုက်နိုင်ပါပြီ။ အဆင့် ၈) Cydia icon လေးကိုနှိပ်လိုက်ပြီး ပထမဆုံး အနေနှင့် Configure ပေးလုပ်လိုက်ပါ။ အခုဆိုရင် iOS 5.1.1 Untether jailbreak ကိုအောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ပါပြီ။

Download 
Read More …

MMUG မှာကြည့်ပြီးကိုယ်တိုင်လုပ်စမ်းကြည့်ခဲ့တဲ့နည်းအတိုင်းပြန်ရေးထားတာပါ..

အရင်ဆုံးလိုအပ်တဲ့ဖိုင်လ်ကိုဒေါင်းပါ.အပေါ်မှာ ကိုဌေးလှိုင်ဦးဖန်တီးထားပေးတဲ့ မြန်မာဖောင့်ကိုဒေါင်းပါမယ် http://www.mediafire.com/?u98mnvi9707p4kz 
(or) 
 http://www.mediafire.com/?nnwzw3vywddbpdz   
ပြီးရင်..အောက်မှာ.. GT-I9300T အတွက် CWM ကိုဒေါင်းပါမယ်..
 https://www.dropbox.com/s/w0a6ykqpe2kdljn/CF-SGS3-CWM-v5.5-v1.2.zip  
ပြီးရင်အိုဒင်ကိုအောက်မှာဒေါင်းပါမယ်...(Link Copy>go to broswer> paste)
forum.xda-developers.com/attachment.php?attachmentid=1110471&d=1338981159
 

ကဲ့..လိုအပ်တဲ့ဖိုင်လ်တွေရရင်စမယ်..
အပိုင်း (၁)
အရင်ဆုံးဆုံး ဖုန်းထဲကို SAMSUNGFont.zip ကို ဖုန်း sdcard မှာထည့်ပါ
ပြီးရင်.ဖုန်းကိုပါဝါပိတ်ပြီး volume-down + home + power တွဲနှိပ်လိုက်ပါပြီးရင်..Dodnload mode ထဲရောက်သွားလိမ့်မယ်.အ.ဲ့ချိန်မှာ..ဖုန်းကိုကွန်ပျူတာနဲချိတ် Odin ကို Run Driver သိတယ်ဆိုရင်.ID:COM ဆိုတဲ့.အကွက်မှာ.အ.၀ါရောင်နဲ့ပြလိမ့်မယ်ပြီးရင် 

( CF-SGS3-CWM-v5.5-v1.2.zip ကိုဖိုင်လ်ဖြည်ထားပါရန်)
.PDA button ကိုနှိပ်ပြီး..စောနကzip ဖိုင်ထဲက..Extract ဖြည်ထားတဲ့..ထဲ့က .tar ဖိုင်ကိုရွေးပေးလိုက် အဲ့မှာအရေးကြီးတာက..Repartition ကို..အမှန်မခြစ်ပေးရဘူးနော်.အားလုံးအဆင်သင့်ဖြစ်ရင် Start ကိုနှိပ်လိုက်တော့ အိုဒင်ကြီးက.. သဘောကောင်ကောင်းနဲ့ PASS ပေးလာရင် အိုကေသွားပြီ...တစ်ပိုင်း...

အပိုင်း(၂)

.မြန်မာထည့်မယ်.. volume-up + home+power
(သတိ= အဆင့်တစ်မှာ volume+ down နော် အဆင့်နှစ်မှာ volume+up )
ပီးလျှင် install zip from sdcard > choose zip from sdcard > SAMSUNGFont.zip အောက်ဆုံးမှာ Install -From sdcard . Complete. ဆိုပြီးပေါ်လာရင်..မြင်ရပါပြီ..မြန်မာစာ..



Credit: Font ရော Flashable.Zip ဖန်တီးပေးတဲ့ Ko Myo နဲ့ ပို့စ်တင်ပေးတဲ့ ကိုဌေးလှိုင်ဦး ကိုကျေးဇူးတင်ပါတယ်...၀ိုင်းဝန်းအားပေးကြတဲ့.. MMUG ၀ိုင်းတော်များအားလုံးကိုကျေးဇူးအထူး
တင်ပါတယ်...။

Read More …

ဗွီဒီယို Editing ကိုဝါသနာပါတဲ့. ကျွန်တော့်ရဲ့သင်တန်းသားလေးတွေအတွက်ပါ
Edit လုပ်တဲ့အခါမှာ တစ်ခါတစ်လေ.. လိုချင်တဲ့သီချင်း (သို့) ဗွီဒီယိုဖိုလ်လေးတွေကို
youtube မှာအလွယ်တကူရှာယူရပါတယ်..အဲလိုရှာလို့တွေ့ပါပြီတဲ့...ကိုယ့်ကွန်ပျူတာ မှာဒေါင်းလုဂ်လုပ်ယူဖို့ IDM မရှိထားရင်..တော်တော်ဒုက္ခရောက်ပါတယ်...
အဲဒီပြဿနာကိုဖြေရှင်းဖို့...အခုပို့စ်လေးကို...သင်တန်းသားတွေကိုရည်ရွယ်ပြီးတင်ပေး လိုက်တာပါ..သိပြီးသား..ဆရာ့.ဆရာကြီးများဖြစ်တဲ့..ကိုချစ်သူမောင်တို့ကိုမင်းမြတ်တို့ အတွက်တော့မပါဘူးပေါ့... :D
ကဲ့စလိုက်ကြရအောင်......
ပုံတွေကိုကြည့်ပြီးလုပ်ကြတောပေါ့... အောက်ကပုံကိုအရင်ကြည့်နော်..
(ပုံ) ၁။ firefox  ရဲ့ ညာဘက်ဒေါင့်က တြိဂံပုံလေးကို
နှိပ်လိုက်ပါ...တကယ်လို့ အဲလိုလေးမတွေ့ခဲ့ဘူးဆိုရင်  Ctrl+Shift+A ကိုတွဲနှိပ်ပါ...။

(၂) အဲလိုပေါ်လာပြီဆိုရင်... ညာဘက်ဒေါင့်နားက အကွက်ထဲမှာ DownTemAll ဆိုတာကိုရိုက်ထည့်ပြီး
မှန်ဘီလူးပုံအ၀ိုင်းလေးကိုနှိပ်ပါ..Enter ခေါက်လဲရပါတယ်..ပုံကိုကြည့်ပါ..

(၃) ပြီးရင်..အောက်မှာပေါ်လာတဲ့ Add on တွေထဲမှာ YouTube Downloader နဲ့တခြားကိုယ်လိုချင်တဲ့
Add On တွေကိုရွှေးပြီး install ကိုနှိပ်ပါ.. ပုံကြည့်ပါ.. 

 ဒီကောင်လေးကပိုကောင်းတယ်


 (၄) အဲလို install လုပ်ပြီးရင်.. Restart now ဆိုတဲ့စာသားပေါ်လာမယ်. နှိပ်ပါ...

 (၅)ကဲ့...အခုဆိုရင်..Youtube ကိုဖွင့်ပြီး ကိုယ်လိုချင်တဲ့ ဗွီဒီယိုကို Flash , Mp4 , Video ဖိုင်လ်အနေနဲ ကြိုက်တာကို ဒေါင်းလုဂ်လုပ်ယူလို့ပါပြီ..လုပ်ပုံလုပ်နည်းကတော့ပုံကိုကြည့်ပါ..။


 ကြိုက်တဲ့ဗွီဒီယိုဖိုင်လ်တွေကို စိတ်ကြိုက်ယူလို့ရသွားပြီးပေါ့...။

အဆင်ပြေသည်ဖြစ်စေမပြေသည်ဖြစ်စေ..ကွန်မင့်န်လေးတော့ရေးသွားကြပါဦး.... :D 

Read More …



    windows genuine မဖြစ်ဘူးဆိုရင် ကွန်ပျူတာသုံးရတာတော်တော်လေးကို ကသိကလင်နိုင်တာကို တွေ့ဖူးကြမယ်ထင်ပါတယ်.. တကယ်တော့ ကိုသုံးနေတဲ့ဝင်းဒိုးက activate မဖြစ်ရင် (လှိုင်စင်ဗားရှင်းမဟုတ်ရင်) genuine နဲ့ညှိဖို့ကများပါတယ်.. internet မသုံးရင်တော့ activate ဖြစ်ဖြစ်မဖြစ်ဖြစ်.. သုံးလို့အဆင်ပြေပေမဲ့.. internet သုံးနေတဲ့ကွန်ပျူတာမှာကြတော့..  licence Version (or) Activate တခုခုဖြစ်နေဖို့လိုပါတယ်..လှိုင်စင်ဆိုရင်.. ၀င်းဒိုး 7 တခုဆိုရင် ဘတ်ငွေ သုံးထောင်နဲ့လေးထောင်ဝန်းကျင်ရှိပါတယ်..(မြန်မာပြည်ဈေးတော့မသိပါ) .. 

Read More …

ပတ်တနာပဲ.. အဟီး... Microsoft နဲ့ရေးထားပြီး..ဒီနေရာမှာ Paste လုပ်လိုက်တော့ ပုံတွေမမြင်ရတော့ဘူး..ကဲ့..ထူးပါဘူး...အောက်က... Doc File နဲ့ pdf ဖိုင်ကိုပဲ ကြိုက်ရာဒေါင်းပြီးကြည့်ပေတော့ဗျာ..ဟီးးးးးး....
နောက်မှပုံနဲ့ပြန်တင်ပေးမယ်..

1. ဒေါင်းလုဂ် Doc
2.  ဒေါင်းလုဂ် Doc
1. ဒေါင်းလုဂ် pdf
2. ဒေါင်းလုဂ် pdf
Read More …

photo collage master ဆိုတဲ့ software လေးကိုအောက်ကလင့်လေးမှာဒေါင်းလိုက်ပါနော်  
လုပ်ရတာလွယ်ကူပါတယ်..မလုပ်တတ်ဘူးဆိုရင်..ပြန်မေးနိုင်ပါတယ်..ပျော်ရွှင်ပါစေ..။
 အဲဒီဆော့ဝဲလ်နဲ့ကလိထားတာ..ဟိဟိ..


Read More …